ထိုင်ဝမ် HTC ရဲ့  စမတ်ဖုန်း အသစ် HTC M8 ကို နယူးယောက်မှာ လာမယ့်
မတ်လအတွင်း မိတ်ဆက် ပြသ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။ အရွယ် ၅ လက်မ 1080p
အရည်အသွေးရှိ မျက်နှာပြင်ကို အသုံးပြုထားပြီး 2.3GHz quad-core Snapdragon
800 processor ထည့်သွင်းထားပါတယ်။ RAM 2GB ရှိပါတယ်။ Storage က 16GB
ရှိပြီး ဘက်ထရီက 2900 mAh အားပမာဏ ရှိပါတယ်။ micro SD ကဒ် နဲ့ memory
ထည့်ဖြည့်နိုင်ပါသေးတယ်။ Android 4.4 KitKat OS ကို အသုံးပြုထားခြင်း
ဖြစ်ပါတယ်။ Sense 6 လို့ခေါ်တဲ့ HTC ထုတ် integrated OS ပါ ပါဝင်အုံးမှာ
ဖြစ်ပါတယ်။ ကင်မရာကလည်း လက်ရှိ HTC One က ပါဝင်တဲ့ ကင်မရာထက် ပိုမို
ကောင်းမွန်တဲ့ အရည်အသွေး ရှိပါတယ်။ ဒီဇိုင်းကိုလည်း ပုံမှာ ယခုလို မြင်တွေ့
ရပါတယ်။ HTC M8 ဆိုတာ ကုဒ်နံပါတ် အမည် ဖြစ်ပါတယ်။ ဒီတော့ HTC One Two
ဖြစ်လာမယ်လို့တောင် ခန့်မှန်း ထားကြ ပါသေးတယ်။ ၂၀၁၄ ခုနှစ် နှစ်ဆန်းအတွင်း
ဖြန့်ချိ ရောင်းချသွားမယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရ ပါတယ်။
Thanks! & Ref : Smart Pro Journal
Aung Kham ( www.smart.com.mm )Thanks! & Ref : Smart Pro Journal
No comments:
Post a Comment