မိုဘိုင်းထုတ်ကုန်များ အသုံးပြုရာတွင်
ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားမှု မဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်မှု
ပြုလုပ်ထားနိုင်သည့် နည်းလမ်းများနှင့် အလေ့အထများကို သိရှိထားရန် လိုအပ်သည်။
ထို့ကြောင့် Android အသုံးပြုသူများ အတွက် ၎င်းတို့၏ ထုတ်ကုန်များကို ပိုမိုလုံခြုံမှုရှိစွာဖြင့်
အသုံးပြုနိုင်မည့် အချက် (၁၀) ချက်ကို ဖော်ပြလိုက်ပါသည်။
(၁) Lock screen ကို
PIN/pattern/password ဖြင့် သတ်မှတ်ထားပါ။
Android သုံးစွဲသူများ အနေနှင့်
လုပ်ငန်းသုံး စမတ်ဖုန်း သို့မဟုတ် tablet ကွန်ပျူတာတစ်ခုကို PIN/pattern/password တစ်ခုခုဖြင့်
lock ပြုလုပ်ထားခြင်း မရှိပါက အချက်အလက်များ ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ Pattern
တစ်ခုဖြင့် unlock ပြုလုပ်သည့်အခါတွင် အသုံးပြုပြီးသည့်နောက် screen ကို
အဝတ်စဖြင့် သုတ်သင့်သည်။ သို့မဟုတ်ပါက screen ပေါ်တွင် pattern ဆွဲစဉ်က ကျန်ခဲ့သည့်
လက်ဗွေရာကြောင့် ဖုန်းကို unlock ပြုလုပ်သွားနိုင်သည်။
(၂) လုံခြုံမှုမရှိသည့်
ကွန်ရက်များနှင့် မချိတ်ဆက်ပါနှင့်။
စမတ်ဖုန်းနှင့် စီးပွားရေးလုပ်ငန်း
လုပ်ကိုင်သူများ အနေဖြင့် လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်သင့်ပေ။
ကော်ဖီဆိုင်၊ စားသောက်ဆိုင်စသည်တို့ဖြင့် ကွန်ရက်ချိတ်ဆက်၍ အသုံးပြုနိုင်သော်လည်း
wireless ကွန်ရက်တွင် password မရှိပါက အရေးကြီးသည့် ကုမ္ပဏီအချက်အလက်များကို
ပေးပို့ခြင်းအား ရှောင်ကြဉ်သင့်သည်။
(၃) ဖုန်းတွင် storage encryption ကို
သတ်မှတ်ထားပါ။
ဖုန်းပေါ်တွင် အချက်အလက်များကို
encrypt ပြုလုပ်ထားသင့်သည်။ ၎င်းသည် ဖုန်းကို အသုံးပြုသည့်အခါ encryption password
တစ်ခု လိုအပ်သည်။ ၎င်းသည် lock screen password ထက် ပိုမိုလုံခြုံမှုရှိပြီး crack
လုပ်ရာတွင်လည်း အလွန်ခက်ခဲသည်။
(၄) App installation အတွက် unknown
source ကို enable မလုပ်သင့်ပါ။
Google Play Store က မဟုတ်သော third-party
application များကို install လုပ်သည့်အခါ အရေးကြီး အချက်အလက်များ
ခိုးယူခံရနိုင်သည်။ ထို့ကြောင့် third-party app များကို ၁၀၀ ရာခိုင်နှုန်း
မယုံကြည်သင့်ပေ။
(၅) Anti-malware app တစ်ခုကို
အသုံးပြုပါ။
Google က Play Store မှာ app တွေကို
စစ်ဆေးပြီး malware ရန်ကနေ အကောင်းဆုံး ကာကွယ်ပေးပေမယ့်လည်း Malwarebytes လိုမျိုး
anti-malware app တစ်ခုကို ပုံမှန် အသုံးပြုသင့်သည်။ ထို့အပြင် app တစ်ခုကို
ထည့်သွင်းပြီးတိုင်း anti-malware app ဖြင့် အမြဲ scan လုပ်သင့်သည်။
(၆) Secure Update Scanner ကို
အသုံးပြုပါ။
Secure Update Scanner ကို ထည့်သွင်း
အသုံးပြုခြင်းကလည်း တစ်မူထူးခြားသည့် လုံခြုံရေးအန္တရာယ်ကို ကာကွယ်နိုင်သည်။
Developer များသည် အစပိုင်းတွင် အန္တရာယ်ကင်းသည့် app များကို ဖန်တီးပေးပြီး update
ပြုလုပ်ခိုင်းသည့်အခါတွင် malware များကို ထည့်သွင်းနိုင်သည်။ ထို့ကြောင့် Secure
Update Scanner ကို အသုံးပြုပြီး ပုံမှန် စစ်ဆေးခြင်းက app update နှင့် operating
system update များတွင် malware ပါဝင်သည့် အန္တရာယ်နှင့် ကင်းဝေးစေမည် ဖြစ်သည်။
(၇) App အတွက် permissions စာရင်းကို
သေချာဖတ်ပါ။
App တွေကို install ပြုလုပ်သည့်အခါ
permissions စာရင်းကို မဖတ်ဘဲ install မလုပ်သင့်ပါ။ အကယ်၍ ဂိမ်း သို့မဟုတ်
note-taking app တစ်ခုကို ထည့်သွင်းသည့်အခါ permissions စာရင်းတွင် ဆက်သွယ်မှု၊
ဖုန်းနံပါတ်နှင့် ကွန်ရက်အချက်အလက်များကို အသုံးပြုရန် ခွင့်ပြုချက်များ
လိုအပ်ကြောင်း ဖော်ပြထားသည်။ ခွင့်ပြုချက်ပေးခဲ့ပါက malware များကို
ထည့်သွင်းနိုင်သည်။
(၈) SIM ကတ်ကို lock လုပ်ပါ။
ဖုန်းမှ အချက်အလက်များကို encrypt
လုပ်သလို SIM ကတ်ကိုလည်း lock လုပ်ထားသင့်သည်။ SIM ကတ်ကို lock ထားသည့်အခါ
ဖုန်းကို restart လုပ်တိုင်း PIN နံပါတ် တောင်းမည်ဖြစ်သည်။ ထို့ကြောင့် ဖုန်းမှ
အချက်အလက်များ ဆုံးရှုံးမည်ကို စိုးရိမ်ပါက SIM ကတ်တွင် PIN နံပါတ်ဖြင့် lock
ပြုလုပ်ထားရန် လိုအပ်သည်။
(၉) မလိုအပ်သည့်အချိန်တွင် Bluetooth
နှင့် hotspot ဝန်ဆောင်မှုများကို ပိတ်ထားပါ။
Bluetooth နှင့် hotspot
ဝန်ဆောင်မှုများကို ဖွင့်ထားသည့်အခါ အခြား ထုတ်ကုန်များက သင့်၏ ဖုန်းကို
မြင်တွေ့နိုင်သည်။ ၎င်းသည် လုံခြုံရေးချိုးဖောက်မှုအတွက် လမ်းဖွင့်ပေးသလို
ဖြစ်နိုင်သည်။ ထို့ကြောင့် မလိုအပ်သည့် အချိန်တွင် အဆိုပါ ဝန်ဆောင်မှုများကို
ဖွင့်လျက် မထားသင့်ပေ။ ၎င်းသည် လုံခြုံရေး အန္တရာယ် ရှိနိုင်သလို ဘက်ထရီလည်း
ကုန်ဆုံးလွယ်စေသည်။
(၁၀) Location setting ကို လိုအပ်မှ
ဖွင့်ပါ။
အသုံးပြုရန် မလိုအပ်သည့်အခါ location
setting ကို ပိတ်ထားသင့်သည်။ ၎င်းသည် Android ထုတ်ကုန်၏ လုံခြုံမှုနှင့် တိုက်ရိုက်
မသက်ဆိုင်သော်လည်း ဖုန်း၏ လုံခြုံမှုစနစ်ကို ထိန်းချုပ်နိုင်သောကြောင့် အချက်အလက်
ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ လိုအပ်ချိန်မှသာ location setting ကို ဖွင့်ပြီး
အသုံးပြုခြင်းသည် ဘက်ထရီ အလျင်အမြန် ကုန်ဆုံးခြင်းကို လျော့နည်းသက်သာစေသည်။
ထို့အပြင် မလိုလားအပ်သည့် အချက်အလက် သုံးစွဲမှုကိုလည်း လျော့နည်းစေသည်။
Ref: TechRepublic
Credit : myanmarinternetjournal.com
မိုဘိုင်းထုတ်ကုန်များ
အသုံးပြုရာတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားမှု
မဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်မှု ပြုလုပ်ထားနိုင်သည့် နည်းလမ်းများနှင့်
အလေ့အထများကို သိရှိထားရန် လိုအပ်သည်။ ထို့ကြောင့် Android အသုံးပြုသူများ
အတွက် ၎င်းတို့၏ ထုတ်ကုန်များကို ပိုမိုလုံခြုံမှုရှိစွာဖြင့်
အသုံးပြုနိုင်မည့် အချက် (၁၀) ချက်ကို ဖော်ပြလိုက်ပါသည်။
(၁) Lock screen ကို PIN/pattern/password ဖြင့် သတ်မှတ်ထားပါ။
Android သုံးစွဲသူများ အနေနှင့် လုပ်ငန်းသုံး
စမတ်ဖုန်း သို့မဟုတ် tablet ကွန်ပျူတာတစ်ခုကို PIN/pattern/password
တစ်ခုခုဖြင့် lock ပြုလုပ်ထားခြင်း မရှိပါက အချက်အလက်များ ပေါက်ကြားမှု
ဖြစ်ပေါ်နိုင်သည်။ Pattern တစ်ခုဖြင့် unlock ပြုလုပ်သည့်အခါတွင်
အသုံးပြုပြီးသည့်နောက် screen ကို အဝတ်စဖြင့် သုတ်သင့်သည်။ သို့မဟုတ်ပါက
screen ပေါ်တွင် pattern ဆွဲစဉ်က ကျန်ခဲ့သည့် လက်ဗွေရာကြောင့် ဖုန်းကို
unlock ပြုလုပ်သွားနိုင်သည်။
(၂) လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်ပါနှင့်။
စမတ်ဖုန်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ
အနေဖြင့် လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်သင့်ပေ။
ကော်ဖီဆိုင်၊ စားသောက်ဆိုင်စသည်တို့ဖြင့် ကွန်ရက်ချိတ်ဆက်၍
အသုံးပြုနိုင်သော်လည်း wireless ကွန်ရက်တွင် password မရှိပါက အရေးကြီးသည့်
ကုမ္ပဏီအချက်အလက်များကို ပေးပို့ခြင်းအား ရှောင်ကြဉ်သင့်သည်။
(၃) ဖုန်းတွင် storage encryption ကို သတ်မှတ်ထားပါ။
ဖုန်းပေါ်တွင် အချက်အလက်များကို encrypt
ပြုလုပ်ထားသင့်သည်။ ၎င်းသည် ဖုန်းကို အသုံးပြုသည့်အခါ encryption password
တစ်ခု လိုအပ်သည်။ ၎င်းသည် lock screen password ထက် ပိုမိုလုံခြုံမှုရှိပြီး
crack လုပ်ရာတွင်လည်း အလွန်ခက်ခဲသည်။
(၄) App installation အတွက် unknown source ကို enable မလုပ်သင့်ပါ။
Google Play Store က မဟုတ်သော third-party
application များကို install လုပ်သည့်အခါ အရေးကြီး အချက်အလက်များ
ခိုးယူခံရနိုင်သည်။ ထို့ကြောင့် third-party app များကို ၁၀၀ ရာခိုင်နှုန်း
မယုံကြည်သင့်ပေ။
(၅) Anti-malware app တစ်ခုကို အသုံးပြုပါ။
Google က Play Store မှာ app တွေကို စစ်ဆေးပြီး
malware ရန်ကနေ အကောင်းဆုံး ကာကွယ်ပေးပေမယ့်လည်း Malwarebytes လိုမျိုး
anti-malware app တစ်ခုကို ပုံမှန် အသုံးပြုသင့်သည်။ ထို့အပြင် app
တစ်ခုကို ထည့်သွင်းပြီးတိုင်း anti-malware app ဖြင့် အမြဲ scan
လုပ်သင့်သည်။
(၆) Secure Update Scanner ကို အသုံးပြုပါ။
Secure Update Scanner ကို ထည့်သွင်း
အသုံးပြုခြင်းကလည်း တစ်မူထူးခြားသည့် လုံခြုံရေးအန္တရာယ်ကို ကာကွယ်နိုင်သည်။
Developer များသည် အစပိုင်းတွင် အန္တရာယ်ကင်းသည့် app များကို
ဖန်တီးပေးပြီး update ပြုလုပ်ခိုင်းသည့်အခါတွင် malware များကို
ထည့်သွင်းနိုင်သည်။ ထို့ကြောင့် Secure Update Scanner ကို အသုံးပြုပြီး
ပုံမှန် စစ်ဆေးခြင်းက app update နှင့် operating system update များတွင်
malware ပါဝင်သည့် အန္တရာယ်နှင့် ကင်းဝေးစေမည် ဖြစ်သည်။
(၇) App အတွက် permissions စာရင်းကို သေချာဖတ်ပါ။
App တွေကို install ပြုလုပ်သည့်အခါ permissions
စာရင်းကို မဖတ်ဘဲ install မလုပ်သင့်ပါ။ အကယ်၍ ဂိမ်း သို့မဟုတ် note-taking
app တစ်ခုကို ထည့်သွင်းသည့်အခါ permissions စာရင်းတွင် ဆက်သွယ်မှု၊
ဖုန်းနံပါတ်နှင့် ကွန်ရက်အချက်အလက်များကို အသုံးပြုရန် ခွင့်ပြုချက်များ
လိုအပ်ကြောင်း ဖော်ပြထားသည်။ ခွင့်ပြုချက်ပေးခဲ့ပါက malware များကို
ထည့်သွင်းနိုင်သည်။
(၈) SIM ကတ်ကို lock လုပ်ပါ။
ဖုန်းမှ အချက်အလက်များကို encrypt လုပ်သလို SIM
ကတ်ကိုလည်း lock လုပ်ထားသင့်သည်။ SIM ကတ်ကို lock ထားသည့်အခါ ဖုန်းကို
restart လုပ်တိုင်း PIN နံပါတ် တောင်းမည်ဖြစ်သည်။ ထို့ကြောင့် ဖုန်းမှ
အချက်အလက်များ ဆုံးရှုံးမည်ကို စိုးရိမ်ပါက SIM ကတ်တွင် PIN နံပါတ်ဖြင့်
lock ပြုလုပ်ထားရန် လိုအပ်သည်။
(၉) မလိုအပ်သည့်အချိန်တွင် Bluetooth နှင့် hotspot ဝန်ဆောင်မှုများကို ပိတ်ထားပါ။
Bluetooth နှင့် hotspot ဝန်ဆောင်မှုများကို
ဖွင့်ထားသည့်အခါ အခြား ထုတ်ကုန်များက သင့်၏ ဖုန်းကို မြင်တွေ့နိုင်သည်။
၎င်းသည် လုံခြုံရေးချိုးဖောက်မှုအတွက် လမ်းဖွင့်ပေးသလို ဖြစ်နိုင်သည်။
ထို့ကြောင့် မလိုအပ်သည့် အချိန်တွင် အဆိုပါ ဝန်ဆောင်မှုများကို ဖွင့်လျက်
မထားသင့်ပေ။ ၎င်းသည် လုံခြုံရေး အန္တရာယ် ရှိနိုင်သလို ဘက်ထရီလည်း
ကုန်ဆုံးလွယ်စေသည်။
(၁၀) Location setting ကို လိုအပ်မှ ဖွင့်ပါ။
အသုံးပြုရန် မလိုအပ်သည့်အခါ location setting ကို
ပိတ်ထားသင့်သည်။ ၎င်းသည် Android ထုတ်ကုန်၏ လုံခြုံမှုနှင့် တိုက်ရိုက်
မသက်ဆိုင်သော်လည်း ဖုန်း၏ လုံခြုံမှုစနစ်ကို ထိန်းချုပ်နိုင်သောကြောင့်
အချက်အလက် ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ လိုအပ်ချိန်မှသာ location setting
ကို ဖွင့်ပြီး အသုံးပြုခြင်းသည် ဘက်ထရီ အလျင်အမြန် ကုန်ဆုံးခြင်းကို
လျော့နည်းသက်သာစေသည်။ ထို့အပြင် မလိုလားအပ်သည့် အချက်အလက် သုံးစွဲမှုကိုလည်း
လျော့နည်းစေသည်။
Ref: TechRepublic
- See more at: http://www.myanmarinternetjournal.com/content/13311#sthash.AEet5SzL.dpuf